ယေရမိအနာဂတ္တိကျမ်း 48:10
(ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။)
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Joshua 10:19သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။-
1 Samuel 15:3သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
1 Samuel 15:13ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
2 Kings 13:19ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
Jeremiah 50:25ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။-