ယေရမိအနာဂတ္တိကျမ်း 48:39
မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Jeremiah 48:17``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။ ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့ `တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက် ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။
Lamentations 1:1အခါတစ်ပါးကလူစည်ကားခဲ့သည့် ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။ အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။ မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။
Lamentations 4:1ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။
Revelation 18:9သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-