ယေရမိအနာဂတ္တိကျမ်း 48:38
မောဘပြည်အိမ်ခေါင်မိုးမှန်သမျှတို့အပေါ် ၌လည်းကောင်း၊ လူထုစည်းဝေးရာမြေကွက် လပ်မှန်သမျှတို့၌လည်းကောင်းငိုကြွေးမြည် တမ်းမှုမှတစ်ပါး အခြားအဘယ်အမှု အရာမျှမတွေ့ရကြ။ အဘယ်ကြောင့်ဆို သော်ငါသည်အသုံးမဝင်တော့သည့်အိုး ကိုခွဲသကဲ့သို့ မောဘပြည်ကိုခွဲလိုက်ပြီ ဖြစ်သောကြောင့်တည်း။ ဤကားငါထာဝရ ဘုရားမြွက်ဆိုသည့်စကားဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Isaiah 15:3လမ်းများပေါ်ရှိလူတို့သည်လျှော်တေကို ဝတ်ထားကြ၏။ မြေကွက်လပ်များနှင့်အိမ် ခေါင်မိုးများအပေါ်၌လည်းဝမ်းနည်း ကြေကွဲမှုကိုပြ၍ငိုကြွေးကြ၏။-
Isaiah 30:14အိုးခြမ်းကွဲဖြင့်မီးခဲများကိုကောက်ယူရန် သော်လည်းကောင်း၊ စည်တွင်နှစ်၍ရေကိုခပ်ယူ ရန်သော်လည်းကောင်း၊ မဖြစ်နိုင်အောင်အစိတ် စိတ်အမြွှာမြွှာကွဲသွားသောမြေအိုးနှင့်တူ ကြလိမ့်မည်။
Jeremiah 25:34အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
Romans 9:21အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။