ယေရမိအနာဂတ္တိကျမ်း 50:2
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Psalms 64:9ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက် ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။
Isaiah 12:4ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
Isaiah 21:9မြင်းစီးသူရဲတို့သည်နှစ်ယောက်တစ်တွဲနှစ် ယောက်တစ်တွဲရုတ်တရက်ပေါ်လာကြ၏။ ထို ကြောင့်ကင်းစောင့်က``ဗာဗုလုန်မြို့ကျဆုံး သွားလေပြီ။ သူတို့ကိုးကွယ်သည့်ရုပ်တုမှန် သမျှသည်လည်းမြေပေါ်တွင်ကျိုးပဲ့ကြေမွ လျက်နေပါ၏'' ဟုသတင်းပေးပို့လိုက်၏။
Isaiah 39:1ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။-
Isaiah 48:6``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
Jeremiah 4:16သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-