ယေရမိအနာဂတ္တိကျမ်း 51:18
ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုတ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ ကိုယ်တော်သည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ၊ ထိုရုပ်တုတို့ကိုသုတ်သင်ဖျက်ဆီးပစ်တော် မူလိမ့်မည်။
Common Language Bible
In The King James Version
They are vanity, the work of errors: in the time of their visitation they shall perish.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Isaiah 2:18ရုပ်တုဆင်းတုတို့သည်လုံးဝကွယ်ပျောက်၍ သွားလိမ့်မည်။
Isaiah 46:1ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပေတည်း။ အခါတစ်ပါးကလူတို့သည်ဗေလဘုရား နှင့်နေဗော ဘုရားတို့ကိုကိုးကွယ်ဝတ်ပြုခဲ့ကြ၏။ ယခုအခါ၌သူတို့ကိုမြည်းများပေါ်တွင် တင်၍၊ မောပန်းနေသည့်တိရစ္ဆာန်များသယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြ၏။
Jeremiah 10:8သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
Jeremiah 10:15ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ ထာဝရဘုရားသည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ ယင်းတို့ကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။
Jeremiah 43:12ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။-
Jeremiah 48:7``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။