ယေရမိအနာဂတ္တိကျမ်း 51:46
သင်တို့ကြားကြရသည့်ကောလဟလ သတင်းများကြောင့်မကြောက်ကြနှင့်။ အား လည်းမငယ်ကြနှင့်။ နှစ်စဉ်နှစ်တိုင်းသတင်း အမျိုးမျိုးပေါ်ထွက်လာတတ်၏။ နိုင်ငံအတွင်း အကြမ်းဖက်သည့်သတင်းများ၊ ဘုရင်တစ် ပါးနှင့်တစ်ပါးစစ်ဖြစ်ပွားသည့်သတင်း များပျံ့နှံ့လာတတ်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
1 Samuel 14:16ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-
2 Chronicles 20:23အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
Isaiah 19:2ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
Jeremiah 46:27``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။ အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။
Mark 13:7သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားသောအခါ မထိတ်မလန့်ကြ နှင့်။ ဤအမှုအရာများသည်မုချဖြစ်ပျက် ရမည်။ သို့သော်လည်းကပ်ကမ္ဘာကုန်ဆုံးချိန် ကားမကျသေး။-
Luke 21:28ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။