Job 13:2
သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။
Common Language Bible
In The King James Version
What ye know, the same do I know also: I am not inferior unto you.
In Context
1ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍နားလည်ပြီ။
3အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
Cross References
Job 15:8ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။
Job 34:35ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။
Job 37:2မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။
Job 42:7ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။
2 Corinthians 11:4လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။
2 Corinthians 12:11ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-