ရှင်ယောဟန်ခရစ်ဝင် 14:8
ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။
Common Language Bible
In The King James Version
Philip saith unto him, Lord, shew us the Father, and it sufficeth us.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
Exodus 33:18ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။
Job 33:26ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
Psalms 63:2သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။
John 1:43နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
John 12:21သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။
Revelation 22:3ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံရသည့်အရာ တစ်စုံတစ်ရာမျှ ထိုမြို့တွင်ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသူငယ်တော်၏ပလ္လင်တော် သည် ထိုမြို့တွင်ရှိ၍ကိုယ်တော်၏အစေခံတို့ သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်။-