ရှင်ယောဟန်ခရစ်ဝင် 10:4
သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 10
Cross References
Song of Solomon 2:8ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
Micah 2:12``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
John 3:29မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
John 10:16ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
John 13:15သင်တို့အားငါပြုသကဲ့သို့ သင်တို့အချင်း ချင်းသည်လည်းပြုကြစိမ့်သောငှာစံနမူနာ ကိုငါပြခဲ့ပြီ။-
John 18:37ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-