ရှင်ယောဟန်ခရစ်ဝင် 14:1
သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။-
Common Language Bible
In The King James Version
Let not your heart be troubled: ye believe in God, believe also in me.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
Job 23:15ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
Psalms 42:8နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
Psalms 77:2ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
Isaiah 12:2``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
Isaiah 43:1အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။
Lamentations 3:17ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။