ရှင်ယောဟန်ခရစ်ဝင် 3:28
ငါသည်မေရှိယမဟုတ်။ ထိုအရှင်၏ရှေ့တော် ပြေးမျှသာဖြစ်၏။ ယင်းသို့ဖြစ်ကြောင်းသင် တို့အား ငါပြောကြားခဲ့သည်ကိုသင်တို့ ကိုယ်တိုင်ပင်သက်သေဖြစ်ကြ၏။-
Common Language Bible
In The King James Version
Ye yourselves bear me witness, that I said, I am not the Christ, but that I am sent before him.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Malachi 3:1အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
Matthew 3:3ပရောဖက်ဟေရှာယက၊ `` `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင် ပြုကြလော့' ဟု တောကန္တာရ၌လူတစ်ယောက်ကြွေးကြော်လျက်နေ၏'' ဟူ၍ဖော်ပြရာ၌ယောဟန်ကိုပင်ဆိုလိုသတည်း။
Mark 1:2ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
Luke 1:76အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
John 1:20ထိုအခါယောဟန်က ``ငါသည်မေရှိယ မဟုတ်'' ဟုထိန်ဝှက်ခြင်းမရှိဘဲအတိ အလင်းပြောဆို၏။
John 1:25ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။