ရှင်ယောဟန်ခရစ်ဝင် 4:22
ရှမာရိလူမျိုးဖြစ်သောသင်တို့သည် မိမိတို့ မသိသည့်ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ငါတို့မူကားငါတို့သိသည့်ဘုရားကိုဝတ် ပြုကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းကျေးဇူးတော်သည် ယုဒအမျိုး သားများထံမှတစ်ဆင့်သက်ရောက်လာသော ကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
Ye worship ye know not what: we know what we worship: for salvation is of the Jews.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
2 Chronicles 13:10``ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကိုမစွန့်ဘဲဆက်လက်ကိုးကွယ်လျက် ရှိကြသည်။ အာရုန်မှဆင်းသက်လာသောယဇ်ပု ရောဟိတ်များသည်မိမိတို့တာဝန်ဝတ္တရားများ ကိုထမ်းဆောင်လျက်ရှိကြ၏။ သူတို့အားလေဝိ အနွယ်ဝင်များကကူညီလျက်ရှိကြ၏။-
Psalms 68:20ငါတို့၏ဘုရားသည်ကယ်တော်မူသောဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်ကားထာဝရဘုရား၊ ငါတို့အားသေဘေးမှကယ်ဆယ်တော် မူသော ငါတို့၏ဘုရားရှင်ဖြစ်တော်မူ၏။
Isaiah 2:3သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
Isaiah 12:6ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
Zephaniah 3:16ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။