ရှင်ယောဟန်ခရစ်ဝင် 5:10
သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Exodus 31:12တစ်ဖန်ထာဝရဘုရားကမောရှေအား``ဣသ ရေလအမျိုးသားတို့အားဤသို့ဆင့်ဆို လော့။ ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ဥပုသ် နေ့သည်ငါထာဝရဘုရားက သင်တို့အား ငါ၏လူမျိုးတော်အဖြစ်ရွေးချယ်ထား ကြောင်းကို သားစဉ်မြေးဆက်သတိရစေ သောအထိမ်းအမှတ်ဖြစ်သတည်း။-
Isaiah 58:13ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
Jeremiah 17:27သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
Mark 2:24ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
Luke 6:2ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။
Luke 23:56ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။ သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။