ရှင်ယောဟန်ခရစ်ဝင် 6:45
ပရောဖက်ကျမ်းများတွင်`ထိုသူအပေါင်းတို့ သည်ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံကြလိမ့်မည်' ဟုပါရှိ၏။ သို့ဖြစ်၍ခမည်းတော် မိန့်တော်မူသောစကားကိုကြား၍ အထံတော် မှနည်းနာခံယူသူအပေါင်းတို့သည်ငါ့ထံ သို့လာကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Isaiah 2:3သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
Jeremiah 31:33သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
Matthew 11:27ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
Mark 1:2ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
Luke 18:31သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် ``နားထောင်ကြလော့။ ငါ တို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက် ရှိကြ၏။ လူသားအကြောင်းနှင့်ပတ်သက်၍ ပရောဖက်များဖော်ပြခဲ့သည့်အမှုအရာ အလုံးစုံတို့သည်ဖြစ်ပျက်ရလိမ့်မည်။-
John 6:37ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-