ရှင်ယောဟန်ခရစ်ဝင် 9:29
ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
We know that God spake unto Moses: as for this fellow, we know not from whence he is.
In Context
28ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Numbers 12:2သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
Deuteronomy 34:10ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-
2 Kings 9:11ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
Psalms 103:7ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။
Psalms 106:16သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
Malachi 4:4``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။