ရှင်ယောဟန်ခရစ်ဝင် 9:38
မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``အရှင်၊ အကျွန်ုပ် ယုံကြည်ပါ၏'' ဟုဆို၍ကိုယ်တော်အားပျပ်ဝပ် ရှိခိုးလေ၏။
Common Language Bible
In The King James Version
And he said, Lord, I believe. And he worshipped him.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Psalms 2:12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Matthew 14:33လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
Matthew 28:17သူတို့သည်ကိုယ်တော်ကိုတွေ့မြင်သောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ရာတွင်ထိုသူတို့အနက် အချို့သောသူတို့သည်ယုံမှားသံသယဖြစ် ကြ၏။-
John 20:28သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။