Jonah 2:3
ကိုယ်တော်သည်အကျွန်ုပ်အားနက်ရှိုင်းသော ပင်လယ်ထဲသို့လည်းကောင်း၊ ပင်လယ်အောက်ဆုံးပိုင်းတိုင်အောင်လည်းကောင်း ပစ်ချလိုက်သဖြင့်၊ အကျွန်ုပ်မှာပင်လယ်ရေပတ်လည် ဝိုင်းရံခြင်းကိုခံလျက် ကိုယ်တော်၏လှိုင်းလုံးကြီးများသည် အကျွန်ုပ်ကိုလွှမ်းမိုးသွားပါသည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 69:1အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ရေသည်ကျွန်တော်မျိုး၏လည်မျိုတိုင်အောင် ရောက်လျက်နေပါပြီ။
Psalms 88:5ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။ အသတ်ခံရ၍သင်္ချိုင်းတွင်းထဲသို့ရောက်ရှိနေသည့် သူသေကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်လုံးဝသတိမရသောသူ၊ကိုယ်တော် မစရန် မဖြစ်နိုင်သောသူကဲ့သို့ဖြစ်ပါ၏။
Psalms 116:2ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
Lamentations 3:54မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
Jonah 1:12ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။