ယောရှုမှတ်စာ 10:26
ထိုနောက်ယောရှုသည်မင်းငါးပါးတို့ကိုဋ္ဌား ဖြင့် ကွပ်မျက်၍အလောင်းများကိုသစ်ပင် ငါးပင်ပေါ်တွင် ညနေခင်းတိုင်အောင်ချိတ် ဆွဲထားလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 21:22``သေဒဏ်ထိုက်သောပြစ်မှုကြောင့် အသေ သတ်ခြင်းခံရသူ၏အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားလျှင်၊-
Joshua 8:29အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။
1 Samuel 15:33ထိုအခါရှမွေလက``သင်၏ဋ္ဌားဖြင့်မိခင် အများပင် မိမိတို့၏သားများကိုဆုံးရှုံးခဲ့ရ ကြ၏။ သို့ဖြစ်၍ယခုသင့်မိခင်သည်လည်းသူ ၏သားဆုံးရှုံးရပေတော့အံ့'' ဟုဆိုကာအာ ဂတ်အားဂိလဂါလမြို့ယဇ်ပလ္လင်ရှေ့တွင်အ ပိုင်းပိုင်းခုတ်ဖြတ်လိုက်လေသည်။
2 Samuel 21:9ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
Esther 7:9ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။