ယောရှုမှတ်စာ 10:27
နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 21:23ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
Joshua 7:26သူ၏အလောင်းပေါ်တွင်ကျောက်ခဲပုံကြီး ကိုပုံထားကြ၏။ ထိုကျောက်ပုံကြီးကို ယနေ့တိုင်အောင်တွေ့မြင်နိုင်သည်။ ထိုအဖြစ် အပျက်ကိုအစွဲပြု၍ထိုအရပ်ကို`ဒုက္ခ ချိုင့်ဝှမ်း' ဟုယနေ့တိုင်ခေါ်တွင်ကြသည်။ ထိုအခါထာဝရဘုရားသည်အမျက် တော်ပြေလေ၏။
2 Samuel 18:17သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။