ယောရှုမှတ်စာ 10:28
ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 7:2သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကိုသင်တို့လက်သို့အပ်သဖြင့် သူတို့ကိုသင်တို့တိုက်ခိုက်အောင်မြင်သောအခါ ထိုသူအပေါင်းတို့ကိုသတ်ဖြတ်သုတ်သင်ပစ်ရ မည်။ သူတို့နှင့်မိတ်မဖွဲ့ရ။ သူတို့အားမကြင် နာမသနားရ။-
Deuteronomy 20:16``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
Joshua 8:2သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
Joshua 10:30ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။
Joshua 10:35သူတို့သည်ထိုနေ့၌ပင်မြို့ကိုတိုက်ခိုက်သိမ်း ပိုက်နိုင်သဖြင့် လာခိရှမြို့သားတို့အားပြု သကဲ့သို့ ဧဂလုန်မြို့သူမြို့သားတို့ကို လည်းတစ်ယောက်မကျန်သတ်ဖြတ်သုတ် သင်ကြလေသည်။
Joshua 10:39သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။