ယောရှုမှတ်စာ 18:8
ယောရှုစေခိုင်းသည့်အတိုင်းထိုသူတို့ သည်နယ်မြေကိုသတ်မှတ်ရန်ထွက်သွားကြ ၏။ ယောရှုက``သင်တို့သည်တိုင်းပြည်တစ် လျှောက်လုံးသို့သွား၍နယ်မြေများကိုပိုင်း ခြားသတ်မှတ်လော့။ ထိုနောက်ငါ့ထံသို့ပြန် လာရမည်။ ထိုအခါငါသည်ဤရှိလောမြို့ တွင်သင်တို့ရရှိမည့်နယ်မြေများကို ထာဝရဘုရား၏အလိုတော်အတိုင်း ဖြစ်စေရန်မဲချ ၍ခွဲဝေပေးမည်'' ဟုမှာကြားလိုက်၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:17သင်သည်ယခုထ၍မြေတစ်ပြင်လုံးကိုလှည့်ပတ်ကြည့်ရှုလော့။ သင်မြင်ရသမျှသောမြေကိုသင့်အားငါပေးမည်'' ဟုမိန့်တော်မူ၏။-
Joshua 13:7သို့ဖြစ်၍ယခုသင်သည်ဣသရေလအမျိုး သားကိုးနွယ်နှင့်မနာရှေအနွယ်တစ်ဝက်တို့ အားဤနယ်မြေများကိုပိုင်ဆိုင်ရန်ခွဲဝေ ပေးလော့'' ဟုမိန့်တော်မူ၏။
Joshua 15:1ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
Joshua 18:6နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။-
1 Samuel 14:41ရှောလုသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအားယနေ့ဖြေကြား တော်မမူပါသနည်း။ အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ကျောက်တော် များအားဖြင့်ကျွန်တော်မျိုးအားဖြေကြားတော် မူပါ။ ယောနသန်၌ဖြစ်စေ၊ ကျွန်တော်မျိုး၌ ဖြစ်စေအပြစ်ရှိပါလျှင်ဥရိမ်ကျောက် မဲကျစေတော်မူပါ။ ကိုယ်တော်ရှင်၏လူမျိုးတော် ဣသရေလအမျိုးသားတို့၌အပြစ်ရှိပါလျှင် သုမိမ်ကျောက်ကိုမဲကျစေတော်မူပါ'' ဟုလျှောက် ထား၏။ ထိုအခါရှောလုနှင့်ယောနသန်တို့တွင် အပြစ်ရှိကြောင်းမဲကျသဖြင့် ဣသရေလ အမျိုးသားတို့အပြစ်လွတ်ကြကုန်၏။-
Acts 1:24ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-