ယောရှုမှတ်စာ 23:10
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
Common Language Bible
In The King James Version
In Context
11သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-
Cross References
Exodus 23:27``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
Leviticus 26:8သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
Deuteronomy 20:4သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
Joshua 10:42ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
Judges 3:31ထိုနောက်ပေါ်ထွန်းလာသောခေါင်းဆောင်မှာ အာနတ်၏သားရှံဂါဖြစ်၏။ သူသည်ဖိလိတ္တိ အမျိုးသားခြောက်ရာကိုတုတ်ချွန်တစ်ချောင်း ဖြင့်သတ်၍ ဣသရေလအမျိုးသားတို့အား ကယ်ဆယ်ခဲ့လေသည်။
Judges 15:15ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။