ယောရှုမှတ်စာ 23:9
သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:30သင်တို့သည်တိုင်းပြည်ကိုသိမ်းပိုက်နိုင်ရန်လူဦး ရေတိုးပွားလာသည်အထိ ငါသည်သူတို့ကို တစ်စတစ်စမောင်းထုတ်မည်။-
Deuteronomy 11:23သို့မှသာလျှင်သင်တို့ချီတက်တိုက်ခိုက်သော အခါ သင်တို့ထက်ဦးရေများ၍အင်အားကြီး မားသည့်လူမျိုးတို့ကိုထာဝရဘုရားနှင် ထုတ်တော်မူသဖြင့် သူတို့၏ပြည်ကိုသင် တို့သိမ်းပိုက်နိုင်လိမ့်မည်။-
Joshua 1:8ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
Joshua 21:43ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။-
Joshua 24:18အကျွန်ုပ်တို့သည်ဤပြည်ထဲသို့ချီတက် လာစဉ်က ကိုယ်တော်သည်ဤဒေသရှိအာ မောရိအမျိုးသားအပေါင်းတို့ကိုနှင်ထုတ် တော်မူခဲ့ပါသည်။ သို့ဖြစ်၍အကျွန်ုပ်တို့ သည်ထာဝရဘုရားကိုသာဝတ်ပြုကိုး ကွယ်ပါမည်။ ကိုယ်တော်သည်အကျွန်ုပ်တို့ ၏ဘုရားဖြစ်တော်မူ၏'' ဟုဖြေကြား ကြ၏။
2 Chronicles 20:7ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။-