The Bible Software
bible.software › ရှင်ယုဒဩဝါဒစာ › ရှင်ယုဒဩဝါဒစာ 1 › ရှင်ယုဒဩဝါဒစာ 1:7

ရှင်ယုဒဩဝါဒစာ 1:7

သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။

Common Language Bible

In The King James Version

Even as Sodom and Gomorrha, and the cities about them in like manner, giving themselves over to fornication, and going after strange flesh, are set forth for an example, suffering the vengeance of eternal fire.

In Context

6မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။-

8ဤ​ဘု​ရား​မဲ့​သော​သူ​တို့​သည်​လည်း​ထို​သူ​တို့ နည်း​တူ​ပင်​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ မြင်​မက်​သော​ရူ​ပါ​ရုံ​များ​ကြောင့် မိ​မိ​တို့​၏ ကိုယ်​ခန္ဓာ​များ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ ဘု​ရား သ​ခင်​၏​အာ​ဏာ​ကို​မ​ထီ​လေး​စား​ပြု​လျက် အ​ထက်​အ​ရပ်​မှ​ဘုန်း​အ​သ​ရေ​ရှင်​တို့​ကို စော်​ကား​ကြ​၏။-

Read all of ရှင်ယုဒဩဝါဒစာ 1

Cross References

Genesis 13:13သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။

Genesis 19:5သူ​တို့​သည်​လော​တ​ကို​ဟစ်​ခေါ်​လျက်``သင့်​ထံ​၌​ဤ​ည​တည်း​ခို​ရန်​ရောက်​ရှိ​လာ​သူ​များ​အ​ဘယ်​မှာ​နည်း။ သူ​တို့​ကို​ထုတ်​ပေး​ပါ'' ဟု​တောင်း​ဆို​ကြ​လေ​သည်။ သော​ဒုံ​မြို့​သား​တို့​က ထို​ဧည့်​သည်​တို့​နှင့်​ကာ​မ​စပ်​ယှက်​လို​ကြ​၏။

Deuteronomy 29:23လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-

Isaiah 13:19ဗာ​ဗု​လုန်​မြို့​သည်​မြို့​တ​ကာ​တို့​တွင်​အ​လှ​ဆုံး ဖြစ်​၍ မြို့​သူ​မြို့​သား​တို့​ဂုဏ်​ယူ​ဝါ​ကြွား​ရာ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​ပြု​ခဲ့​သည်​နည်း တူ​ဗာ​ဗု​လုန်​မြို့​ကို​လည်း​ပျက်​သုဉ်း​စေ​မည်။-

Jeremiah 20:16ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရား ဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။ မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့် သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။ အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူ ငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။

Lamentations 4:6ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့် သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယုဒဩဝါဒစာ 1:7

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ရှင်ယုဒဩဝါဒစာ 1:6ရှင်ယုဒဩဝါဒစာ 1ရှင်ယုဒဩဝါဒစာ 1:8 →