တရားသူကြီးမှတ်စာ 10:13
သို့သော်သင်တို့သည်ငါ့ကိုစွန့်ပယ်၍ အခြား ဘုရားတို့အားဝတ်ပြုရှိခိုးကြပြန်၏။ ထို့ ကြောင့်ငါသည်သင်တို့အားနောက်တစ်ဖန် ကယ်တော့မည်မဟုတ်။-
Common Language Bible
In The King James Version
Yet ye have forsaken me, and served other gods: wherefore I will deliver you no more.
In Context
Read all of တရားသူကြီးမှတ်စာ 10
Cross References
Deuteronomy 32:15``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
Judges 2:19သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
2 Chronicles 12:5ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
2 Chronicles 21:10ယဟောရံသည်မိမိဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်တော်မူ သဖြင့် ဤအချိန်ကာလအတွင်း၌ပင် လိဗနမြို့သည်လည်းပုန်ကန်လေသည်။-
Jeremiah 2:19သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။