ယေရမိမြည်တမ်းစကား 2:10
ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Joshua 7:6ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
Job 2:12ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
Isaiah 3:26မြို့တံခါးများသည်ငိုကြွေးမြည်တမ်းလျက် မြို့ကြီးသည်လည်း အဝတ်အချည်းစည်းနှင့် မြေပေါ်တွင်ထိုင်လျက်နေသည့်မိန်းမနှင့် တူလိမ့်မည်။
Isaiah 36:22ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။
Isaiah 47:5ဗာဗုလုန်မြို့အားထာဝရဘုရားကဆိတ်ငြိမ်ရာ မှောင်မိုက်ထဲတွင်ထိုင်၍နေလော့။ လူတို့သည်သင့်အားလူမျိုးတကာတို့၏ ဘုရင်မဟု ခေါ်ကြတော့မည်မဟုတ်။
Lamentations 1:1အခါတစ်ပါးကလူစည်ကားခဲ့သည့် ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။ အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။ မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။