ယေရမိမြည်တမ်းစကား 2:13
အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Psalms 60:2ကိုယ်တော်ရှင်သည်ပြည်တော်ကိုသိမ့်သိမ့်တုန် စေ၍ ကွဲအက်စေတော်မူပါပြီ။ ပြည်တော်သည်ပြိုကွဲလျက်ရှိသဖြင့် ကွဲအက်ရာများကိုပြုပြင်တော်မူပါ။
Jeremiah 8:22ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။
Jeremiah 14:17ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
Jeremiah 30:12ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့၏အနာများသည်ကျက်နိုင် တော့မည်မဟုတ်။ သင်တို့၏ဝေဒနာများသည်ကုသ၍ မပျောက်နိုင်တော့ပေ။
Jeremiah 30:15သင်တို့သည်မိမိတို့၏မပျောက်ကင်းနိုင်သည့် ဝေဒနာများအကြောင်းကိုမညည်းညူကြ နှင့်တော့။ သင်တို့၏အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည်ကြီးမားလှသဖြင့်၊ ငါသည်သင်တို့အားဤသို့အပြစ်ဒဏ် ခတ်ရခြင်းဖြစ်၏။
Lamentations 1:12သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''