ဝတ်ပြုရာကျမ်း 16:4
ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 28:39``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
Exodus 30:20သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
Exodus 40:12``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
Leviticus 6:3သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
Leviticus 8:6ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
Isaiah 53:2ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။