ဝတ်ပြုရာကျမ်း 17:6
ယဇ်ပုရောဟိတ်သည် သွေးကိုတဲတော်တံခါးဝ ရှိယဇ်ပလ္လင်လေးဘက်တွင် ပက်ဖျန်းရမည်။ ထို နောက်အဆီကိုမီးရှို့ပူဇော်သဖြင့် ထာဝရ ဘုရားနှစ်သက်တော်မူသောရနံ့ကိုထွက် ပေါ်စေမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:13ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
Leviticus 3:2ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။-
Leviticus 3:8တဲတော်ရှေ့တွင်သိုး၏ဦးခေါင်းပေါ်၌လက် ကိုတင်၍သိုးကိုသတ်ရမည်။ ယဇ်ပုရောဟိတ် တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင်လေး ဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။-
Leviticus 3:13တဲတော်ရှေ့တွင်ဆိတ်၏ဦးခေါင်းပေါ်၌ လက် ကိုတင်၍ဆိတ်ကိုသတ်ရမည်။ ယဇ်ပုရော ဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။-
Leviticus 4:31ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
Ezekiel 44:15အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-