ဝတ်ပြုရာကျမ်း 2:9
ယဇ်ပုရောဟိတ်သည်ထိုပူဇော်သကာကို ယဇ် ပလ္လင်သို့ယူဆောင်ခဲ့၍ မုန့်အားလုံးကိုထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့် မုန့်အနည်း ငယ်ကိုယူပြီးလျှင်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 1:9ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
Leviticus 6:15ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။-
Psalms 22:13ခြင်္သေ့များကဲ့သို့ခံတွင်းကိုဟ၍ဟိန်းဟောက် ကာ ကျွန်တော်မျိုးကိုကိုက်ဖြတ်မည်ပြုကြ၏။
Zechariah 13:7အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
Romans 12:1သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
Ephesians 5:2ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။