ရှင်လုကာခရစ်ဝင် 1:53
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
Common Language Bible
In The King James Version
He hath filled the hungry with good things; and the rich he hath sent empty away.
In Context
52ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။
Cross References
Psalms 34:10ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
Psalms 146:7ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
Matthew 5:6``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
Luke 6:24``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
Luke 16:19``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
Luke 18:24ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။-