The Bible Software
bible.software › ရှင်မဿဲခရစ်ဝင် › ရှင်မဿဲခရစ်ဝင် 5 › ရှင်မဿဲခရစ်ဝင် 5:6

ရှင်မဿဲခရစ်ဝင် 5:6

``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။

Common Language Bible

In The King James Version

Blessed are they which do hunger and thirst after righteousness: for they shall be filled.

In Context

5``စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော် မူ​သော​ကောင်း​ချီး​ကို​ခံ​စား​ရ​ကြ​လတ္တံ့။

7``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

Read all of ရှင်မဿဲခရစ်ဝင် 5

Cross References

Psalms 4:6``အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို​ထပ်​မံ​၍​ချ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​စိတ်​ဖြင့် ကြည့်​တော်​မူ​ပါ'' ဟု​လူ​အ​များ​က​ဆု​တောင်း ကြ​၏။

Psalms 42:1အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

Psalms 63:5ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ချို​မြိန်​သည့်​အ​စာ​ကို စား​သုံး​ရ​သူ​ကဲ့​သို့​ကျေ​နပ်​ရောင့်​ရဲ​လျက်​နေ ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ဝမ်း​မြောက်​စွာ​ထော​မ​နာ သီ​ချင်း​ဆို​ပါ​မည်။

Psalms 84:2ထို​အ​ရပ်​တွင်​လွန်​စွာ​နေ​လို​လှ​ပါ​သည်။ ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တံ​တိုင်း​များ​ကို​တ​သ​ပါ​၏။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ဝမ်း မြောက်​စွာ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။

Psalms 145:19ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။

Isaiah 25:6အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန် တောင်​တော်​ပေါ်​တွင်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ တို့​အ​တွက် အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​ခဲ​ဖွယ်​များ နှင့်​အ​ကောင်း​ဆုံး​စ​ပျစ်​ရည်​များ​ဖြင့် ည​စာ စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​တော်​မူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မဿဲခရစ်ဝင် 5:6

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရှင်မဿဲခရစ်ဝင် 5:5ရှင်မဿဲခရစ်ဝင် 5ရှင်မဿဲခရစ်ဝင် 5:7 →