ရှင်လုကာခရစ်ဝင် 11:48
ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 11
Cross References
2 Chronicles 36:16သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
Psalms 64:8သူတို့ပြောဆိုသည့်စကားများကြောင့်ပင်လျှင် ကိုယ်တော်သည်သူတို့အားသေကြေပျက်စီး စေတော်မူလိမ့်မည်။ သူတို့ကိုတွေ့မြင်သူအပေါင်းတို့သည် ဦးခေါင်းကိုခါကြလိမ့်မည်။
Matthew 21:35ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။-
Acts 7:51``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-
James 5:10ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော် ကိုအမှီပြု၍ဟောပြောခဲ့ကြသောပရောဖက် တို့၏အကြောင်းကိုသတိရလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါသူတို့တွင်ခံနိုင်ရည်ရှိပုံကို စံနမူနာယူကြလော့။-