ရှင်လုကာခရစ်ဝင် 20:13
ဥယျာဉ်ရှင်သည် `ငါအဘယ်သို့ပြုရအံ့နည်း။ ငါ၏တစ်ဦးတည်းသောသားကိုစေလွှတ်မည်။ သူ့ကိုတွေ့လျှင်ခြံသမားတို့လေးစားကြ ရာ၏' ဟုဆို၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Isaiah 5:4ထိုဥယျာဉ်ကိုပြုစုရာတွင်ငါ့မှာအဘယ် လစ်ဟင်းမှုရှိပါသနည်း။ သို့ပါလျက်စပျစ် ပင်များသည် အဘယ်ကြောင့်ငါမျှော်လင့်သည့် အတိုင်းစပျစ်သီးကောင်းများအစားစပျစ် သီးချဉ်များကိုသီးရပါသနည်း။
Jeremiah 36:7ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။-
Hosea 11:8``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
Matthew 17:5ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
John 1:34ဤသို့မိန့်တော်မူသည်အတိုင်းငါတွေ့မြင်ရပြီ ဖြစ်၍ ဤသူသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကိုငါသက်သေခံ၏'' ဟုဆို၏။
John 3:35ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-