ရှင်လုကာခရစ်ဝင် 20:35
သို့ရာတွင်သေခြင်းမှရှင်ပြန်ထမြောက်၍ တမလွန်သို့ဝင်ထိုက်သောသူတို့မူကား ထိမ်းမြားစုံဖက်ခြင်းကိုမပြုကြကုန်။-
Common Language Bible
In The King James Version
In Context
34သခင်ယေရှုက ``ဤဘဝ၌လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုပြုတတ်ကြ၏။-
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Daniel 12:2သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
Matthew 22:29သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် ကိုလည်းမသိကြ။ သို့ဖြစ်၍အယူလွဲလျက် နေကြ၏။-
Luke 21:36နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
Acts 5:41တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
2 Thessalonians 1:5ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။-
Revelation 3:4သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-