The Bible Software
bible.software › ရှင်လုကာခရစ်ဝင် › ရှင်လုကာခရစ်ဝင် 21 › ရှင်လုကာခရစ်ဝင် 21:6

ရှင်လုကာခရစ်ဝင် 21:6

ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြ​သည့် အ​ရာ​အား​လုံး​တို့​သည်​ပြို​ကျ​ရ​လိမ့်​မည်။ ကျောက်​တစ်​လုံး​မျှ​မူ​လ​နေ​ရာ​တွင်​တင်​၍ မ​ကျန်​ရစ်​သည့်​တိုင်​အောင်​ပြို​ပျက်​ရ​သည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

As for these things which ye behold, the days will come, in the which there shall not be left one stone upon another, that shall not be thrown down.

In Context

5တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။-

7ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

Read all of ရှင်လုကာခရစ်ဝင် 21

Cross References

2 Chronicles 7:20ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။

Jeremiah 7:11ငါ​၏​နာ​မ​ကို​ဆောင်​သော​ဗိ​မာန်​တော်​ကို ဋ္ဌား​ပြ​များ​ပုန်း​အောင်း​ရာ​အ​ရပ်​ဟု​သင် တို့​ထင်​မှတ်​သ​လော။ သင်​တို့​ပြု​သည့်​အ​မှု တို့​ကို​ငါ​မြင်​တော်​မူ​ပြီ​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

Jeremiah 26:9အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။

Lamentations 2:6ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။

Lamentations 5:18ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။

Daniel 9:26ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်လုကာခရစ်ဝင် 21:6

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်လုကာခရစ်ဝင် 21:5ရှင်လုကာခရစ်ဝင် 21ရှင်လုကာခရစ်ဝင် 21:7 →