ရှင်လုကာခရစ်ဝင် 5:30
ဖာရိရှဲများနှင့်သူတို့၏အပေါင်းအဖော်ဖြစ် ကြသောကျမ်းတတ်ဆရာများက ``အဘယ် ကြောင့်သင်တို့သည်အခွန်ခံသူများ၊ အခြား အပယ်ခံသူများနှင့်စားသောက်ကြပါသနည်း'' ဟုတပည့်တော်တို့အားကဲ့ရဲ့ပြစ်တင်ကြ၏။
Common Language Bible
In The King James Version
In Context
31ထိုအခါသခင်ယေရှုက ``ကျန်းမာသူသည် ဆရာဝန်ကိုမလို။ ဖျားနာသူသာလျှင်လို၏။-
Cross References
Matthew 21:28ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-
Mark 9:16ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။
Luke 5:21ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။
Luke 7:34လူသားသည်စားလျက်သောက်လျက်လာသော အခါသင်တို့က `ကြည့်လော့၊' ဤသူသည်စား ကြူးသူဖြစ်သည်။ အခွန်ခံသူများနှင့်အခြား အပယ်ခံသူများနှင့်မိတ်ဖွဲ့သူဖြစ်သည်' ဟု ဆိုကြ၏။-
Luke 15:1အခွန်ခံသူများနှင့်အပယ်ခံသူအပေါင်း တို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာ ရန်အထံတော်သို့ချဉ်းကပ်ကြ၏။-
Luke 19:7ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။