ရှင်လုကာခရစ်ဝင် 9:20
ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြသနည်း'' ဟုမေးတော် မူ၏။ ပေတရုက ``အရှင်သည်ဘုရားသခင်စေလွှတ် တော်မူသည့်မေရှိယဖြစ်ပါသည်'' ဟုဖြေဆို လျှောက်ထား၏။
Common Language Bible
In The King James Version
He said unto them, But whom say ye that I am? Peter answering said, The Christ of God.
In Context
21ကိုယ်တော်က ``ဤအကြောင်းကိုမည်သူမျှ မသိစေနှင့်'' ဟုကြပ်တည်းစွာပညတ်တော် မူ၏။-
Cross References
Matthew 5:47ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
Mark 8:29ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။
Luke 22:67သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-
John 1:49ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
John 4:42ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။