The Bible Software
bible.software › မာလခိအနာဂတ္တိကျမ်း › မာလခိအနာဂတ္တိကျမ်း 1 › မာလခိအနာဂတ္တိကျမ်း 1:3

မာလခိအနာဂတ္တိကျမ်း 1:3

ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။

Common Language Bible

In The King James Version

And I hated Esau, and laid his mountains and his heritage waste for the dragons of the wilderness.

In Context

2ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​အား​အ​စဉ်​အ​မြဲ ချစ်​မြတ်​နိုး​ပါ​၏'' ဟု​မိန့်​တော်​မူ​သော် လည်း၊ သူ​တို့​က``ကျွန်​တော်​မျိုး​အ​တွက်​မေတ္တာ​တော် ကို​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း``ဧ​သော​နှင့် ယာ​ကုပ်​သည်​ညီ​အစ်​ကို​တော်​သော်​လည်း ငါ သည်​ယာ​ကုပ်​နှင့်​သား​မြေး​များ​ကို​ချစ်​၍၊-

4အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။

Read all of မာလခိအနာဂတ္တိကျမ်း 1

Cross References

Deuteronomy 21:15``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​တွင်​မ​ယား​နှစ် ယောက်​ရှိ​လျှင် မ​ယား​နှစ်​ယောက်​စ​လုံး​တွင် သား​ယောကျာ်း​များ​ဖွား​မြင်​အံ့။ သား​ဦး​သည် သူ​ပို​၍​ချစ်​သော​မ​ယား​၏​သား​မ​ဟုတ်။-

Isaiah 34:9ဧ​ဒုံ​ပြည်​မှ​မြစ်​တို့​သည်​ကတ္တ​ရာ​စေး အ​ဖြစ်​သို့​လည်း​ကောင်း၊ မြေ​ဆီ​လွှာ​သည် ကန့်​အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​သွား လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​ကတ္တ​ရာ စေး​ကဲ့​သို့​မီး​စွဲ​လောင်​၍​နေ​လိမ့်​မည်။-

Isaiah 34:14ထို​အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လှည့်​လည် သွား​လာ​လျက် မ​ကောင်း​ဆိုး​ရွား​တို့​သည်​လည်း အ​ချင်း​ချင်း​အော်​မြည်​လျက်​နေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​ည​သတ္တ​ဝါ​ကြီး​သည်​လည်း ထို​အ​ရပ်​သို့​လာ​၍​နား​ရန်​နေ​ရာ​ကို​ရှာ လိမ့်​မည်။-

Jeremiah 9:11ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊ အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Jeremiah 49:10သို့​ရာ​တွင်​ငါ​မူ​ကား​ဧ​သော​၏​သား​မြေး များ​ထံ​မှ​ရှိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ ကို​ရုပ်​သိမ်း​မည်။ သူ​တို့​ဆက်​လက်​ပုန်း​အောင်း ၍​မ​နေ​နိုင်​စေ​ရန်​သူ​တို့​ပုန်း​အောင်း​ရာ​အ​ရပ် များ​ကို​ဖော်​ထုတ်​မည်။ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း တို့​အား​ငါ​သုတ်​သင်​ပယ်​ရှား​လိုက်​လေ​ပြီ။ သူ​တို့​တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျန်​ရှိ​ကြ တော့​ပေ။-

Jeremiah 51:37ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မာလခိအနာဂတ္တိကျမ်း 1:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မာလခိအနာဂတ္တိကျမ်း 1:2မာလခိအနာဂတ္တိကျမ်း 1မာလခိအနာဂတ္တိကျမ်း 1:4 →