မာလခိအနာဂတ္တိကျမ်း 2:10
ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။-
Common Language Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Joshua 23:12သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-
Nehemiah 13:29အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
Psalms 100:3ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
Isaiah 43:7သူတို့သည်ငါပိုင်သည့်လူမျိုးတော် ငါ၏ဘုန်းအသရေကိုဆောင်ရန် ငါဖန်ဆင်းထားသူများဖြစ်ပေသည်'' ဟု မိန့်တော်မူ၏။