ရှင်မာကုခရစ်ဝင် 3:27
ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 27:1ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
Isaiah 53:12သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
Matthew 12:29``အဘယ်သူသည်ခွန်အားကြီးသူကိုဦးစွာ မချည်မနှောင်ဘဲ သူ၏အိမ်သို့ဝင်၍ဥစ္စာပစ္စည်း များကိုလုယူနိုင်ပါမည်နည်း။ ချည်နှောင်ပြီး မှသာလုယူနိုင်ပေမည်။
Luke 11:21``ခွန်အားကြီးသူသည်လက်နက်စုံနှင့် မိမိ အိမ်ကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာ ပစ္စည်းများသည်လုံခြုံမှုရှိ၏။-
Romans 16:20ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
Colossians 2:15ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။