ရှင်မာကုခရစ်ဝင် 5:43
ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 9:30ထိုသူတို့သည်စက္ခုအလင်းရလေ၏။ သခင် ယေရှုကလည်း ``ထိုအမှုကိုမည်သူမျှမသိ စေနှင့်'' ဟုကြပ်တည်းစွာပညတ်တော်မူ၏။
Matthew 17:9ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
Mark 3:12ကိုယ်တော်ကမူမိမိမည်သူဖြစ်သည်ကိုထုတ်ဖော် ၍မပြောရန် သူတို့အားကြပ်တည်းစွာပညတ် တော်မူ၏။
Luke 5:14``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။
Luke 24:30စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
John 5:41``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-