ရှင်မာကုခရစ်ဝင် 8:11
ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 17:2ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
Deuteronomy 6:16``သင်တို့သည်မဿာအရပ်မှာကဲ့သို့ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုအစစ် အကြောမပြုရ။-
Matthew 12:38အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။
Matthew 19:3ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
Matthew 22:15ထိုနောက်ဖာရိရှဲတို့သည်ထွက်သွားပြီးလျှင် ကိုယ်တော်အားအဘယ်သို့ပရိယာယ်ဆင်၍ မေးမြန်းရမည်ကိုဆွေးနွေးတိုင်ပင်ကြ၏။-
Matthew 22:23ထိုနေ့၌ပင်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့လာကြ၏။ သူတို့ကသေခြင်းမှရှင်ပြန် ထမြောက်ခြင်းဟူသည်မရှိဟုခံယူယုံ ကြည်ကြသူများဖြစ်၏။-