ရှင်မဿဲခရစ်ဝင် 13:20
ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 11:13သို့ရာတွင်ရှောလုက``ဤနေ့သည်ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကယ်ဆယ် တော်မူသောနေ့ဖြစ်၏။ ယနေ့အဘယ်သူကို မျှမသတ်ရ'' ဟုဆို၏။-
2 Chronicles 24:6သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။
Psalms 78:34သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်း ကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။ သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
Isaiah 58:2သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
Matthew 13:5အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
Mark 6:20ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။