ရှင်မဿဲခရစ်ဝင် 13:23
မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 1:1သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
Proverbs 1:5ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
Ezekiel 18:31သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
Matthew 3:8အကယ်ပင်နောင်တရကြောင်းကိုသင်တို့၏ အကျင့်အားဖြင့်ပြကြလော့။-
Matthew 12:33``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
Mark 4:20အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။