ရှင်မဿဲခရစ်ဝင် 13:55
သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 49:7လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
Matthew 1:18သခင်ယေရှုခရစ်ဖွားမြင်တော်မူပုံကားဤသို့ တည်း။ မယ်တော်မာရိနှင့်ယောသပ်တို့ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားပြီးနောက်၊ ပေါင်းသင်းနေထိုင် မှုမပြုရမီမာရိသည်သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့်ပဋိသေနန္ဓစွဲကပ်လေ၏။-
Matthew 27:56ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
Mark 15:40အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
Luke 1:27ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
Luke 3:23အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-