ရှင်မဿဲခရစ်ဝင် 16:3
နံနက်ချိန်၌မိုးတိမ်နီ၍အုံ့မှိုင်းနေလျှင်မိုးရွာ လိမ့်မည်ဟူ၍လည်းကောင်းသင်တို့ပြောတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်ကိုကြည့်ခြင်းအားဖြင့် မိုးလေဝသ၏အခြေအနေကိုသိနိုင်ကြပါ လျက် မျက်မှောက်ခေတ်ကာလ၏အရိပ်အခြေကို မူပိုင်းခြား၍မသိနိုင်ကြပါသလော။-
Common Language Bible
In The King James Version
In Context
2ကိုယ်တော်က ``နေဝင်ချိန်၌မိုးတိမ်နီလျှင် ရာသီဥတုသာယာလိမ့်မည်ဟူ၍လည်းကောင်း၊-
Cross References
Matthew 4:23ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
Matthew 11:5မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
Matthew 22:18သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။-
Luke 11:44သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့်သင်္ချိုင်းတွင်းများနှင့် တူ၏။ လူတို့သည်ထိုတွင်းများအပေါ်မှာ လျှောက်၍သွားကြသောအခါသင်္ချိုင်းတွင်း ဖြစ်မှန်းကိုမသိကြ'' ဟုမိန့်တော်မူ၏။
Luke 13:15သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-