ရှင်မဿဲခရစ်ဝင် 16:4
ဤခေတ်လူတို့သည်အလွန်ဆိုးညစ်၍ဘုရား သခင်ကိုယုံကြည်ခြင်းကင်းမဲ့ကြပါသည် တကား။ သင်တို့သည်နိမိတ်လက္ခဏာကိုတောင်း ဆိုကြ၏။ သို့ရာတွင်ယောန၏နိမိတ်လက္ခဏာ မှတစ်ပါးအဘယ်နိမိတ်လက္ခဏာမျှသင်တို့ တွေ့မြင်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ထိုသူတို့ထံမှထွက် ခွာသွားတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Hosea 4:17ဣသရေလပြည်သားတို့သည်ရုပ်တုကို ကိုးကွယ်ခြင်း၌စွဲလန်းကြ၏။ ရှိစေ တော့။-
Jonah 1:17ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။
Matthew 15:14သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Mark 8:12ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Luke 11:29လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
Acts 18:6ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-