ရှင်မဿဲခရစ်ဝင် 20:2
အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။-
Common Language Bible
In The King James Version
And when he had agreed with the labourers for a penny a day, he sent them into his vineyard.
In Context
Cross References
Deuteronomy 5:27ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။
1 Samuel 2:26သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။
1 Samuel 3:21ရှိလောမြို့သည်ရှမွေလအားထာဝရဘုရား ဗျာဒိတ်ပေးတော်မူရာအရပ်ဖြစ်၏။ ကိုယ်တော် သည်ထိုမြို့တွင်အကြိမ်ကြိမ်ထင်ရှားတော် မူ၏။ ရှမွေလမိန့်ကြားသည့်အခါများ၌ ဣသရေလအမျိုးသားအပေါင်းတို့နာခံ ကြလေသည်။
1 Kings 3:6ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
2 Chronicles 34:3ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
Matthew 18:28``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-