ရှင်မဿဲခရစ်ဝင် 21:42
သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 28:16ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
Zechariah 3:8သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
Luke 20:17ကိုယ်တော်သည်လူတို့ကိုကြည့်ရှုတော်မူလျက်၊ `တိုက်ကိုတည်ဆောက်သူတို့ပယ်ထားသည့်ကျောက် သည် အရေးအကြီးဆုံးဖြစ်သောထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟူသောကျမ်းစကား၏အနက်အဋ္ဌိပ္ပါယ်ကား အသို့နည်း။
Acts 13:40ပရောဖက်ကျမ်းများတွင်၊ `ငါမိန့်တော်မူသည်ကိုမထီမဲ့မြင်ပြုသူတို့၊ နားထောင်ကြ။ အံ့သြလျက်သေကြလော့။ ယနေ့ငါပြုမည့်အမှုကိုသူတစ်ပါးက ရှင်းလင်းဖော်ပြသော်လည်း၊ သင်တို့ယုံကြည်ကြလိမ့်မည်မဟုတ်' ဟုဖော်ပြပါရှိ၏။ ထိုဖော်ပြချက်အတိုင်းမ ဖြစ်စေရန်သတိပြုကြလော့'' ဟုဟောပြော လေ၏။
Ephesians 2:20သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။-
1 Peter 2:4သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။-